1. ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ရကြမည်။
2. အကြောင်းမူကား ကောင်းကင်တမန်များအားဖြင့် မိန့်တော်မူသောတရားတော်သည် တည်မြဲ၍ ဖောက်ဖျက်ကျူးလွန်မှုနှင့်မနာခံမှုရှိသမျှတို့အတွက် ထိုက်သင့်သောအပြစ်ဒဏ်ကို လူတို့ခံရသည်ဆိုလျှင်
3. ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
4. ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
5. အကြောင်းမူကား ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်လာမည့်ကမ္ဘာကို ကောင်းကင်တမန်တို့၏လက်အောက်သို့ ချထားတော်မမူခဲ့ပေ။