Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:33-40 Myanmar Standard Bible (MSB)

33. ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် တိုင်း​နိုင်​ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်​မတ်​စွာ​အုပ်​ချုပ်​ခြင်း၊ က​တိ​တော်​များ​ကို​ခံ​စား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊

34. မီး​အ​ရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်​မြောက်​ခြင်း၊ အား​နည်း​ရာ​မှ အား​ကြီး​လာ​ခြင်း၊ စစ်​ပွဲ​၌ ခွန်​အား​နှင့်​ပြည့်​စုံ​လာ​၍ တိုင်း​တစ်​ပါး​သား​တို့​၏​စ​ခန်း​များ​ကို​ဖြို​ခွင်း​ခြင်း စ​သည့်​အ​မှု​များ​ကို​ပြု​ခဲ့​ကြ​၏။

35. မိန်း​မ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲ​မှ​ရှင်​ပြန်​ထ​မြောက်​စေ​ခြင်း​ခံ​ရ​သည့် မိ​မိ​တို့​နှင့်​ဆိုင်​သော​သူ​တို့​ကို ပြန်​လည်​ရ​ရှိ​ကြ​၏။ လူ​အ​ချို့​တို့​သည်​လည်း သာ​၍​မြတ်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို​ရ​ရှိ​ရန် လွတ်​မြောက်​ခြင်း​ကို​မ​ခံ​ယူ​ဘဲ ပြင်း​ထန်​သော​နှိပ်​စက်​ခြင်း​ကို​ခံ​ယူ​ကြ​၏။

36. အ​ချို့​သော​သူ​တို့​မူ​ကား ကဲ့​ရဲ့​ခြင်း၊ ကြိမ်​ဒဏ်​ပေး​ခြင်း​တို့​ကို​ခံ​ရ​သည်​သာ​မ​က ထောင်​ထဲ​၌​ချုပ်​နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ရ​ကြ​၏။

37. သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်း​ဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၍ ဆင်း​ရဲ​နွမ်း​ပါး​လျက် နှိပ်​စက်​ခြင်း၊ မ​တ​ရား​ပြု​မူ​ဆက်​ဆံ​ခြင်း​တို့​ကို​ခံ​ရ​လျက် သိုး​သား​ရေ၊ ဆိတ်​သား​ရေ​တို့​ကို​ဝတ်​လျက် လှည့်​လှည်​ကြ​ရ​၏။

38. ဤ​လော​က​သည် ထို​သူ​တို့​နှင့်​မ​ထိုက်​တန်​ချေ။ သူ​တို့​သည် တော​ကန္တာ​ရ​များ၊ တောင်​တန်း​များ၊ လိုဏ်​ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်​လည်​နေ​ထိုင်​ကြ​ရ​၏။

39. ဤ​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​ကျူး​ခံ​ရ​ကြ​သော်​လည်း က​တိ​ပေး​တော်​မူ​သော​အ​ရာ​ကို မ​ရ​ရှိ​ခဲ့​ကြ​ချေ။

40. ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက် သာ​၍​မြတ်​သော​အ​ရာ​ကို ကြို​တင်​ပြင်​ဆင်​ပေး​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။