Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:27-36 Myanmar Standard Bible (MSB)

27. သူ​သည် မ​မြင်​ရ​သော​အ​ရှင်​ကို​မြင်​နေ​ရ​သ​ကဲ့​သို့ သည်း​ခံ​တည်​ကြည်​ခဲ့​သည်​ဖြစ်​၍ ရှင်​ဘု​ရင်​၏​ပြင်း​စွာ​သော​ဒေါ​သ​ကို​ပင်​မ​ကြောက်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​ကို​စွန့်​ခွါ​ခဲ့​၏။

28. သား​ဦး​တို့​ကို​ဖျက်​ဆီး​သော​သူ​သည် အစ္စ​ရေး​လူ​မျိုး​တို့​ကို​မ​ထိ​ခိုက်​စေ​ရန် သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​တော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီ​မံ​ဆောင်​ရွက်​လေ​၏။

29. အစ္စ​ရေး​အ​မျိုး​သား​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ပင်​လယ်​နီ​ကို ခြောက်​သွေ့​သော​မြေ​ကဲ့​သို့​ဖြတ်​သွား​ကြ​၏။ ထို​နည်း​တူ​ပြု​ရန် ကြံ​စည်​အား​ထုတ်​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် နစ်​မြုပ်​ကြ​ကုန်​၏။

30. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဂျေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​တိုင်​တိုင် ဝိုင်း​ရံ​လှည့်​ပတ်​ကြ​ရာ မြို့​ရိုး​သည်​ပြို​ကျ​လေ​၏။

31. ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ​လျှို​တို့​ကို ငြိမ်း​ချမ်း​စွာ​လက်​ခံ​သော​ကြောင့် မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​အ​တူ​မ​ပျက်​စီး​ခဲ့​ရ​ပေ။

32. ထို့​ပြင် ထပ်​၍ မည်​သည့်​အ​ကြောင်း​ကို ပြော​ရ​ဦး​မည်​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုန်၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​တို့​၏​အ​ကြောင်း​များ​ကို​ပြော​လျှင် အ​ချိန်​လောက်​မည်​မ​ဟုတ်။

33. ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် တိုင်း​နိုင်​ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်​မတ်​စွာ​အုပ်​ချုပ်​ခြင်း၊ က​တိ​တော်​များ​ကို​ခံ​စား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊

34. မီး​အ​ရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်​မြောက်​ခြင်း၊ အား​နည်း​ရာ​မှ အား​ကြီး​လာ​ခြင်း၊ စစ်​ပွဲ​၌ ခွန်​အား​နှင့်​ပြည့်​စုံ​လာ​၍ တိုင်း​တစ်​ပါး​သား​တို့​၏​စ​ခန်း​များ​ကို​ဖြို​ခွင်း​ခြင်း စ​သည့်​အ​မှု​များ​ကို​ပြု​ခဲ့​ကြ​၏။

35. မိန်း​မ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲ​မှ​ရှင်​ပြန်​ထ​မြောက်​စေ​ခြင်း​ခံ​ရ​သည့် မိ​မိ​တို့​နှင့်​ဆိုင်​သော​သူ​တို့​ကို ပြန်​လည်​ရ​ရှိ​ကြ​၏။ လူ​အ​ချို့​တို့​သည်​လည်း သာ​၍​မြတ်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို​ရ​ရှိ​ရန် လွတ်​မြောက်​ခြင်း​ကို​မ​ခံ​ယူ​ဘဲ ပြင်း​ထန်​သော​နှိပ်​စက်​ခြင်း​ကို​ခံ​ယူ​ကြ​၏။

36. အ​ချို့​သော​သူ​တို့​မူ​ကား ကဲ့​ရဲ့​ခြင်း၊ ကြိမ်​ဒဏ်​ပေး​ခြင်း​တို့​ကို​ခံ​ရ​သည်​သာ​မ​က ထောင်​ထဲ​၌​ချုပ်​နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ရ​ကြ​၏။