Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:20-24 Myanmar Standard Bible (MSB)

20. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇက်​သည် နောင်​ဖြစ်​မည့်​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယာ​ကုပ်​နှင့်​ဧ​သော​တို့​ကို ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​တစ်​ဦး​စီ​ကို ကောင်း​ချီး​ပေး​၍ မိ​မိ​တောင်​ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိ​ခိုး​လေ​၏။

22. ယော​သပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏​ထွက်​မြောက်​ခြင်း​အ​ကြောင်း​ကို ပြော​ပြ​လျက် မိ​မိ​၏​အ​ရိုး​များ​နှင့်​ပတ်​သက်​၍ မှာ​ကြား​ခဲ့​၏။

23. မော​ရှေ​ဖွား​မြင်​သော​အ​ခါ အ​ဆင်း​လှ​သော​သူ​ငယ်​ဖြစ်​ကြောင်း သူ​၏​မိ​ဘ​တို့​မြင်​သ​ဖြင့် ရှင်​ဘု​ရင်​၏​အ​မိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ့​ကို​သုံး​လ​ပတ်​လုံး​ဝှက်​ထား​ကြ​၏။

24. မော​ရှေ​သည် အ​ရွယ်​ရောက်​သော​အ​ခါ ဖာ​ရော​ဘု​ရင်​သ​မီး​တော်​၏​သား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ငြင်း​ပယ်​၍