Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:11-16 Myanmar Standard Bible (MSB)

11. ထို​နည်း​တူ အ​မြုံ​ဖြစ်​သော​စာ​ရာ​သည်​လည်း အ​သက်​အ​ရွယ်​လွန်​ပြီး​သော​အ​ခါ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​ဋိ​သန္ဓေ​တည်​နိုင်​သော​အ​စွမ်း​ကို​ရ​ရှိ​၏။ အ​ကြောင်း​မူ​ကား က​တိ​ပေး​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​ရှိ​သည်​ဟု​မှတ်​ယူ​သော​ကြောင့်​ဖြစ်​၏။

12. ဤ​သို့​ဖြင့် ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​မှ မ​ရေ​တွက်​နိုင်​သော​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း များ​စွာ​သော​သူ​တို့​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံ​မှ ပေါက်​ဖွား​လာ​ကြ​၏။

13. ထို​သူ​အ​ပေါင်း​တို့​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​များ​ကို မ​ခံ​စား​ရ​သော်​လည်း ၎င်း​တို့​ကို အ​ဝေး​မှ​လှမ်း​မြင်​၍ ကြို​ဆို​လက်​ခံ​ကာ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​၌ အာ​ဂန္တု​များ​နှင့်​သူ​စိမ်း​ဧည့်​သည်​များ​သာ​ဖြစ်​ကြောင်း ဝန်​ခံ​လျက် ယုံ​ကြည်​ရင်း​သေ​လွန်​ကြ​၏။

14. ထို​သို့​ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​နေ​ရင်း​ပြည်​ကို ကြိုး​စား​ရှာ​ဖွေ​နေ​ကြောင်း ထင်​ရှား​စေ​ကြ​၏။

15. သူ​တို့​သည် မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သော​ပြည်​ကို သ​တိ​ရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အ​ခွင့်​အ​ခါ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

16. သို့​သော် အ​မှန်​အား​ဖြင့် သူ​တို့​သည် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သည့်​ပြည်​တည်း​ဟူ​သော သာ​၍​မြတ်​သော​ပြည်​ကို အ​လွန်​တောင့်​တ​နေ​ကြ​၏။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို ရှက်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် သူ​တို့​အ​တွက် မြို့​တော်​ကို​ပြင်​ဆင်​ထား​တော်​မူ​၏။