30. အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။
31. အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
32. သင်တို့သည် အလင်းသို့ရောက်ပြီးသည့်နောက် ဒုက္ခဝေဒနာကိုခံစားလျက် ပြင်းထန်သောတိုက်ခိုက်မှုကိုသည်းခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
33. တစ်ခါတစ်ရံ သင်တို့သည် လူတို့ရှေ့၌ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်နှိပ်စက်ခြင်းတို့ကိုခံရကြ၍ တစ်ခါတစ်ရံ ထိုသို့ပြုကျင့်ခံရသောသူတို့၏အပေါင်းအဖော်များဖြစ်ကြ၏။
34. သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
35. ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
36. ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ကတိတော်ကိုခံစားရရှိနိုင်ရန် သင်တို့၌လိုအပ်သောအရာမှာ သည်းခံခြင်းဖြစ်၏။