1. ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
2. အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။
3. သို့သော် ထိုသို့ယဇ်ပူဇော်ခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း အပြစ်များကိုပြန်လည်အောက်မေ့ကြ၏။
4. အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
5. ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ကြွလာသောအခါ “ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာတို့ကိုအလိုမရှိဘဲ အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကိုပြင်ဆင်ထားတော်မူ၏။
6. ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။