Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1:5-11 Myanmar Standard Bible (MSB)

5. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မည်​သည့်​ကောင်း​ကင်​တ​မန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ “ငါ​သည် သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်”​ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​ခဲ့​ဖူး​သ​နည်း။

6. တစ်​ဖန် သား​ဦး​ကို ဤ​ကမ္ဘာ​လော​က​ထဲ​သို့ ခေါ်​ဆောင်​လာ​သော​အ​ခါ “ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည် ထို​အ​ရှင်​ကို ရှိ​ခိုး​ရ​မည်”​ဟု မိန့်​တော်​မူ​ပြီး

7. ကောင်း​ကင်​တ​မန်​များ​နှင့်​ပတ်​သက်​၍ “ကိုယ်​တော်​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​၏​အ​မှု​ကို​ထမ်း​ဆောင်​သူ​တို့​အား မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​၏”​ဟု မိန့်​တော်​မူ​၏။

8. သို့​သော် သား​တော်​နှင့်​ပတ်​သက်​၍​မူ​ကား “အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ပလ္လင်​သည် ကမ္ဘာ​အ​ဆက်​ဆက်​တည်​၍ ဖြောင့်​မှန်​သော​အုပ်​ချုပ်​မှု​သည် ကိုယ်​တော့်​နိုင်​ငံ​တော်​၏​အုပ်​ချုပ်​မှု​ဖြစ်​ပါ​၏။

9. ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​ကို​နှစ်​သက်​တော်​မူ​၍ တ​ရား​မဲ့​ခြင်း​ကို​မုန်း​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်​တော်​၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​၏​အ​ပေါင်း​အ​ဖော်​များ​ထက် ကိုယ်​တော်​ကို ရွှင်​မြူး​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​၏။”

10. တစ်​ဖန် “အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စ​အ​ဦး​၌ မြေ​ကြီး​ကို​တည်​တော်​မူ​၍ ကောင်း​ကင်​တို့​သည်​လည်း ကိုယ်​တော်​၏​လက်​ရာ​တော်​ဖြစ်​ပါ​၏။

11. ထို​အ​ရာ​တို့​သည် ပျက်​စီး​သွား​သော်​လည်း ကိုယ်​တော်​သည် ဆက်​၍​တည်​ပါ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ဝတ်​ကဲ့​သို့​ဟောင်း​နွမ်း​ကြ​လိမ့်​မည်။