Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:7-19 Myanmar Standard Bible (MSB)

7. အ​ချို့​မူ​ကား ဆူး​ပင်​တို့​အ​လယ်​တွင်​ကျ​သ​ဖြင့် အ​တူ​ပေါက်​လာ​သည့်​ဆူး​ပင်​တို့​သည် ၎င်း​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​၏။

8. အ​ချို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​၍ အ​ဆ​တစ်​ရာ အ​သီး​ဖြစ်​ထွန်း​လေ​၏”​ဟု မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် “ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု ကြွေး​ကြော်​တော်​မူ​၏။

9. တ​ပည့်​တော်​တို့​က ဤ​ပုံ​ဥ​ပ​မာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

10. ကိုယ်​တော်​က​လည်း “သင်​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အ​ခြား​သော​သူ​တို့​မူ​ကား မြင်​လျက်​ပင် မ​မြင်​စေ​ရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေ​ရန် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့်​ဟော​ပြော​ရ​၏။

11. ပုံ​ဥ​ပ​မာ​၏​အ​ဓိပ္ပာယ်​ကား ဤ​သို့​ဖြစ်​၏။ မျိုး​စေ့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စ​ကား​ဖြစ်​၏။

12. လမ်း​ဘေး​တွင်​ကျ​သည်​ဆို​သည်​မှာ ဤ​သို့​သော​သူ​တို့​ကို​ဆို​လို​၏။ တ​ရား​စ​ကား​ကို​သူ​တို့​ကြား​သော်​လည်း ယုံ​ကြည်​၍​ကယ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန် မာရ်​နတ်​သည်​လာ​၍ တ​ရား​စ​ကား​ကို သူ​တို့​စိတ်​နှ​လုံး​ထဲ​မှ​နုတ်​ယူ​လေ​၏။

13. ကျောက်​ပေါ်​၌​ကျ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ ဝမ်း​မြောက်​စွာ​ဖြင့်​လက်​ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့​သော် သူ​တို့​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခေတ္တ​ခ​ဏ​သာ​ယုံ​ကြည်​၍ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ချိန်​၌ ဖောက်​ပြန်​သွား​ကြ​၏။

14. ဆူး​ပင်​တို့​တွင်​ကျ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော်​လည်း သွား​လာ​နေ​ထိုင်​စဉ် ဘ​ဝ​အ​သက်​တာ​နှင့်​ဆိုင်​သော​စိုး​ရိမ်​ပူ​ပန်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း​နှင့် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​ဖြင့် ကာ​ဆီး​ပိတ်​ဆို့​ခံ​ရ​သ​ဖြင့် အ​သီး​မ​အောင်​သော​သူ​တို့​ကို​ဆို​လို​၏။

15. ကောင်း​သော​မြေ​၌​ကျ​သည်​ဆို​သည်​မှာ ကြည်​လင်​ကောင်း​မြတ်​သော​စိတ်​နှ​လုံး​ဖြင့် တ​ရား​စ​ကား​ကို​ကြား​၍ ၎င်း​ကို​စွဲ​ကိုင်​ထား​ကာ သည်း​ခံ​သော​အား​ဖြင့် အ​သီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏။

16. ဆီ​မီး​ကို​ထွန်း​၍ အိုး​ဖြင့်​ဖုံး​အုပ်​သော​သူ သို့​မ​ဟုတ် ခု​တင်​အောက်​တွင်​ထား​သော​သူ မ​ရှိ။ ဝင်​လာ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​စေ​ရန် ဆီ​မီး​ခုံ​ပေါ်​၌​သာ ထား​တတ်​ကြ​၏။

17. အ​ကြောင်း​မူ​ကား ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​တွင် မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။ ဖုံး​ကွယ်​ထား​သော​အ​ရာ​များ​တွင်​လည်း ဖော်​ပြ​ခံ​ရ​ခြင်း သို့​မ​ဟုတ် သိ​သာ​ထင်​ရှား​လာ​ခြင်း​မ​ရှိ​ဘဲ​နေ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။

18. သို့​ဖြစ်​၍ သင်​တို့​မည်​ကဲ့​သို့​ကြား​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19. ထို​အ​ခါ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​သော် လူ​အ​စု​အ​ဝေး​တို့​ကြောင့် ကိုယ်​တော်​အ​နား​သို့​မ​ရောက်​နိုင်​ကြ​သ​ဖြင့်