Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:38-49 Myanmar Standard Bible (MSB)

38. နတ်​ဆိုး​များ​ထွက်​သွား​သော​သူ​က ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​လေ​၏။ သို့​သော် ကိုယ်​တော်​က

39. “သင့်​အိမ်​သို့​ပြန်​၍ သင့်​အ​ပေါ် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြော​ကြား​လော့”​ဟု မိန့်​တော်​မူ​ပြီး သူ့​ကို​ပြန်​သွား​စေ​၏။ ထို​အ​ခါ သူ​သည်​ထွက်​သွား​၍ မိ​မိ​အ​ပေါ် ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို တစ်​မြို့​လုံး​အ​နှံ့​ပြော​ကြား​လေ​၏။

40. ယေ​ရှု​ပြန်​ကြွ​လာ​သော​အ​ခါ လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ကြို​ဆို​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ကိုယ်​တော်​ကို​စောင့်​မျှော်​နေ​ကြ​၏။

41. ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော​လူ​တစ်​ဦး​သည် အ​ထံ​တော်​သို့​ရောက်​လာ​၏။ ထို​သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​ဖြစ်​၏။ သူ​သည် ယေ​ရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​ကာ မိ​မိ​အိမ်​သို့​ကြွ​တော်​မူ​ရန် တောင်း​ပန်​၏။

42. အ​ကြောင်း​မူ​ကား တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ်​ခန့်​ရှိ​သော သူ​၏​တစ်​ဦး​တည်း​သော​သ​မီး​သည် သေ​အံ့​ဆဲ​ဆဲ​ဖြစ်​နေ​၏။ ကိုယ်​တော်​ကြွ​တော်​မူ​စဉ် လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​ထံ​စု​ပြုံ​တိုး​ဝှေ့​ကြ​၏။

43. ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​၍ ဆေး​ဆ​ရာ​များ​ထံ မိ​မိ​ပိုင်​ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ခဲ့​သော်​လည်း မည်​သူ​က​မျှ ကျန်း​မာ​အောင် မ​ကု​ပေး​နိုင်​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည်

44. ကိုယ်​တော်​၏​နောက်​တော်​သို့​ချဉ်း​ကပ်​လျက် ဝတ်​ရုံ​တော်​၏​ပန်း​ဖွား​ကို​တို့​ထိ​လေ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​ခံ​စား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။

45. ထို​အ​ခါ ယေ​ရှု​က “ငါ့​ကို မည်​သူ​တို့​ထိ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် အား​လုံး​က​ငြင်း​ဆို​ကြ​၏။ ပေ​တ​ရု​က “သ​ခင်၊ လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​ကို​ဝိုင်း​ရံ​လျက် တိုး​ဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

46. သို့​သော် ယေ​ရှု​က “တစ်​စုံ​တစ်​ယောက်​သည် ငါ့​ကို​တို့​ထိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ့​ထံ​မှ​တန်​ခိုး​ထွက်​သည်​ကို ငါ​သိ​၏”​ဟု မိန့်​တော်​မူ​၏။

47. ထို​အ​မျိုး​သ​မီး​သည် ဖုံး​ကွယ်​ထား​၍​မ​ရ​ကြောင်း​သိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ကာ ကိုယ်​တော်​ကို​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ချက်​ချင်း​ပျောက်​ကင်း​ခဲ့​ပုံ​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​ရှေ့​တွင် ပြော​ပြ​လေ​၏။

48. ကိုယ်​တော်​က​လည်း “သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​လော့”​ဟု သူ့​အား မိန့်​တော်​မူ​၏။

49. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​အိမ်​မှ လူ​တစ်​ဦး​သည်​ရောက်​လာ​၍ “သင်​၏​သ​မီး​သေ​ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို ဆက်​၍​မ​နှောင့်​ယှက်​ပါ​နှင့်”​ဟု ပြော​လေ​၏။