Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:37-39 Myanmar Standard Bible (MSB)

37. ထို​အ​ခါ ဂါ​ရ​စ​နယ်​သူ​နယ်​သား​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​ရွံ့​သ​ဖြင့် သူ​တို့​ထံ​မှ​ထွက်​သွား​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။ ကိုယ်​တော်​သည်​လည်း လှေ​ပေါ်​သို့​တက်​၍ ပြန်​သွား​တော်​မူ​၏။

38. နတ်​ဆိုး​များ​ထွက်​သွား​သော​သူ​က ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​လေ​၏။ သို့​သော် ကိုယ်​တော်​က

39. “သင့်​အိမ်​သို့​ပြန်​၍ သင့်​အ​ပေါ် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြော​ကြား​လော့”​ဟု မိန့်​တော်​မူ​ပြီး သူ့​ကို​ပြန်​သွား​စေ​၏။ ထို​အ​ခါ သူ​သည်​ထွက်​သွား​၍ မိ​မိ​အ​ပေါ် ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို တစ်​မြို့​လုံး​အ​နှံ့​ပြော​ကြား​လေ​၏။