36. မျက်မြင်တွေ့ရှိခဲ့သူများကလည်း နတ်ဆိုးပူးသူ မည်ကဲ့သို့အကောင်းပကတိဖြစ်ခဲ့သည်ကို ထိုသူတို့အား ပြောပြကြ၏။
37. ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
38. နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
39. “သင့်အိမ်သို့ပြန်၍ သင့်အပေါ် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားလော့”ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။
40. ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။
41. ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
42. အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
43. ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်