32. ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့သည် ထိုဝက်များထဲသို့ဝင်ခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။
33. ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။
34. ဝက်ထိန်းကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုမြင်ကြသောအခါ ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြလေ၏။
35. လူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုကြည့်ရှုရန် ထွက်လာ၍ ယေရှုထံသို့ရောက်လာကြသောအခါ နတ်ဆိုးများထွက်သွားသောသူသည် အဝတ်ဝတ်ထားကာ ယေရှု၏ခြေတော်ရင်း၌ ပကတိစိတ်ရှိလျက် ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။
36. မျက်မြင်တွေ့ရှိခဲ့သူများကလည်း နတ်ဆိုးပူးသူ မည်ကဲ့သို့အကောင်းပကတိဖြစ်ခဲ့သည်ကို ထိုသူတို့အား ပြောပြကြ၏။
37. ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
38. နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က