Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:32-36 Myanmar Standard Bible (MSB)

32. ထို​အ​ရပ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​သည် တောင်​ကုန်း​ပေါ်​တွင် ကျက်​စား​လျက်​ရှိ​၏။ နတ်​ဆိုး​တို့​သည် ထို​ဝက်​များ​ထဲ​သို့​ဝင်​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​အား​တောင်း​ပန်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ခွင့်​ပြု​တော်​မူ​၏။

33. ထို​အ​ခါ နတ်​ဆိုး​တို့​သည် ထို​လူ​ထဲ​မှ​ထွက်​သွား​၍ ဝက်​များ​ထဲ​သို့​ဝင်​ကြ​ရာ ဝက်​အုပ်​သည် တောင်​ကမ်း​ပါး​အ​တိုင်း အိုင်​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဆင်း​ကာ ရေ​နစ်​သေ​ဆုံး​ကြ​ကုန်​၏။

34. ဝက်​ထိန်း​ကျောင်း​သော​သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ ထွက်​ပြေး​၍ မြို့​နှင့်​တော​ရွာ​များ​တွင် ပြော​ကြား​ကြ​လေ​၏။

35. လူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​လာ​၍ ယေ​ရှု​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ နတ်​ဆိုး​များ​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ဝတ်​ထား​ကာ ယေ​ရှု​၏​ခြေ​တော်​ရင်း​၌ ပ​က​တိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့​မြင်​လျှင် ကြောက်​ရွံ့​ကြ​၏။

36. မျက်​မြင်​တွေ့​ရှိ​ခဲ့​သူ​များ​က​လည်း နတ်​ဆိုး​ပူး​သူ မည်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​ခဲ့​သည်​ကို ထို​သူ​တို့​အား ပြော​ပြ​ကြ​၏။