Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:18-24 Myanmar Standard Bible (MSB)

18. သို့​ဖြစ်​၍ သင်​တို့​မည်​ကဲ့​သို့​ကြား​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19. ထို​အ​ခါ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​သော် လူ​အ​စု​အ​ဝေး​တို့​ကြောင့် ကိုယ်​တော်​အ​နား​သို့​မ​ရောက်​နိုင်​ကြ​သ​ဖြင့်

20. လူ​တို့​က “ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​တွေ့​လို​၍ အ​ပြင်​၌​ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

21. သို့​သော် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ကြား​၍ ကျင့်​သုံး​သော​သူ​တို့​သည် ငါ့​အ​မိ​နှင့် ငါ့​ညီ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

22. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​ပြီး​လျှင် “အိုင်​တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်​မူ​သ​ဖြင့် သူ​တို့​သည် ရွက်​လွှင့်​သွား​ကြ​၏။

23. သူ​တို့​ရွက်​လွှင့်​နေ​စဉ် ကိုယ်​တော်​သည် အိပ်​စက်​တော်​မူ​၏။ ထို​အ​ခါ အိုင်​ပေါ်​တွင် လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လု​နီး​ပါး​ဖြစ်​၍ သူ​တို့​သည် အန္တ​ရာယ်​နှင့်​ရင်​ဆိုင်​ရ​ကြ​၏။

24. တ​ပည့်​တော်​တို့​သည်​ချဉ်း​ကပ်​၍ ကိုယ်​တော်​ကို​နှိုး​လျက် “သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သေ​ရ​ပါ​တော့​မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​ထ​၍ လေ​နှင့်​လှိုင်း​တံ​ပိုး​တို့​ကို​ဆုံး​မ​တော်​မူ​ရာ ၎င်း​တို့​သည်​ရပ်​တန့်​ကြ​ပြီး ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။