Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:9-19 Myanmar Standard Bible (MSB)

9. ယေ​ရှု​သည် ထို​စ​ကား​တို့​ကို​ကြား​လျှင် တပ်​မှူး​ကို​အံ့​သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်​ကြည့်​ကာ “သင်​တို့​အား ငါ​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ကို အစ္စ​ရေး​လူ​မျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်​မူ​၏။

10. စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ ထို​အ​စေ​အ​ပါး​ကျန်း​မာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။

11. နောက်​တစ်​နေ့​တွင် ကိုယ်​တော်​သည် နာ​ဣ​န​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​မှ​စ​၍ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။

12. မြို့​တံ​ခါး​အ​နီး​သို့​ရောက်​တော်​မူ​သော​အ​ချိန်​တွင် လူ​တို့​သည် သေ​ဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​၏။ သူ​သည် မိ​ခင်​ဖြစ်​သူ​မု​ဆိုး​မ​၏​တစ်​ဦး​တည်း​သော​သား​ဖြစ်​၏။ များ​စွာ​သော​မြို့​သူ​မြို့​သား​တို့​သည်​လည်း ထို​အ​မျိုး​သ​မီး​နှင့်​အ​တူ​ရှိ​ကြ​၏။

13. သ​ခင်​ဘု​ရား​သည် ထို​အ​မျိုး​သ​မီး​ကို​မြင်​သော​အ​ခါ သူ့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ “မ​ငို​နှင့်”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် ချဉ်း​ကပ်​လျက် အ​လောင်း​စင်​ကို တို့​ထိ​တော်​မူ​ရာ အ​လောင်း​စင်​ထမ်း​သော​သူ​တို့​သည် ရပ်​တန့်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “အ​ချင်း​လူ​ငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်​မူ​ရာ

15. သေ​သော​သူ​သည် ထ​ထိုင်​ပြီး စ​ကား​ပြော​လေ​၏။ ကိုယ်​တော်​သည်​လည်း သူ့​ကို သူ့​မိ​ခင်​ထံ​ပြန်​အပ်​တော်​မူ​၏။

16. လူ​တို့​သည်​ထိတ်​လန့်​အံ့​ဩ​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ပ​ရော​ဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ “ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​တော်​ကို​အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

17. ကိုယ်​တော်​၏​သ​တင်း​သည်​လည်း ယု​ဒ​နယ်​တစ်​လျှောက်​လုံး​နှင့် ပတ်​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

18. ယော​ဟန်​၏​တ​ပည့်​များ​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ယော​ဟန်​အား ပြော​ပြ​ကြ​၏။ ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ဦး​ကို​ခေါ်​၍

19. သ​ခင်​ဘု​ရား​ထံ​သို့​စေ​လွှတ်​ကာ “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။