Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:5-15 Myanmar Standard Bible (MSB)

5. အ​ကြောင်း​မူ​ကား သူ​သည် အ​ကျွန်ုပ်​တို့​လူ​မျိုး​ကို​ချစ်​၍ အ​ကျွန်ုပ်​တို့​အ​တွက် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်​တော်​ကို အ​လေး​အ​နက်​တောင်း​ပန်​ကြ​၏။

6. ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တပ်​မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေ​ရာ​သို့​ရောက်​တော်​မူ​သော​အ​ခါ တပ်​မှူး​သည် မိတ်​ဆွေ​များ​ကို​စေ​လွှတ်​၍ “သ​ခင်​ဘု​ရား၊ အ​ပင်​ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​၏​အိမ်​ခေါင်​မိုး​အောက်​သို့ ကိုယ်​တော်​ကြွ​ဝင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။

7. ထို့​ကြောင့် အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း ကိုယ်​တော်​ထံ​သို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်​ယူ​ပါ​သည်။ အ​မိန့်​တော်​ကို​သာ ပေး​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​၏​ငယ်​သား​သည် ကျန်း​မာ​ပါ​လိမ့်​မည်။

8. ဤ​သို့​ဆို​ခြင်း​မှာ အ​ကျွန်ုပ်​သည်​လည်း အ​မိန့်​အာ​ဏာ​အောက်​၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​လက်​အောက်​တွင် စစ်​သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အ​ကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အ​ခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အ​ကျွန်ုပ်​၏​အ​စေ​အ​ပါး​ကို​လည်း ‘ဤ​အ​ရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ​၍ လျှောက်​စေ​၏။

9. ယေ​ရှု​သည် ထို​စ​ကား​တို့​ကို​ကြား​လျှင် တပ်​မှူး​ကို​အံ့​သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်​ကြည့်​ကာ “သင်​တို့​အား ငါ​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ကို အစ္စ​ရေး​လူ​မျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်​မူ​၏။

10. စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ ထို​အ​စေ​အ​ပါး​ကျန်း​မာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။

11. နောက်​တစ်​နေ့​တွင် ကိုယ်​တော်​သည် နာ​ဣ​န​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​မှ​စ​၍ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။

12. မြို့​တံ​ခါး​အ​နီး​သို့​ရောက်​တော်​မူ​သော​အ​ချိန်​တွင် လူ​တို့​သည် သေ​ဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​၏။ သူ​သည် မိ​ခင်​ဖြစ်​သူ​မု​ဆိုး​မ​၏​တစ်​ဦး​တည်း​သော​သား​ဖြစ်​၏။ များ​စွာ​သော​မြို့​သူ​မြို့​သား​တို့​သည်​လည်း ထို​အ​မျိုး​သ​မီး​နှင့်​အ​တူ​ရှိ​ကြ​၏။

13. သ​ခင်​ဘု​ရား​သည် ထို​အ​မျိုး​သ​မီး​ကို​မြင်​သော​အ​ခါ သူ့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ “မ​ငို​နှင့်”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် ချဉ်း​ကပ်​လျက် အ​လောင်း​စင်​ကို တို့​ထိ​တော်​မူ​ရာ အ​လောင်း​စင်​ထမ်း​သော​သူ​တို့​သည် ရပ်​တန့်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “အ​ချင်း​လူ​ငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်​မူ​ရာ

15. သေ​သော​သူ​သည် ထ​ထိုင်​ပြီး စ​ကား​ပြော​လေ​၏။ ကိုယ်​တော်​သည်​လည်း သူ့​ကို သူ့​မိ​ခင်​ထံ​ပြန်​အပ်​တော်​မူ​၏။