Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:47-50 Myanmar Standard Bible (MSB)

47. ထို့​ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များ​ပြား​လှ​သော​အ​ပြစ်​တို့​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ။ အ​ကြောင်း​မူ​ကား သူ​သည် များ​စွာ​ချစ်​၏။ အ​နည်း​ငယ်​သာ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​သော​သူ​သည် အ​နည်း​ငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်​မူ​၏။

48. ထို့​နောက် ထို​အ​မျိုး​သ​မီး​အား “သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

49. ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အ​ပြစ်​ကို​ပင် ခွင့်​လွှတ်​သော​ဤ​သူ​ကား မည်​သူ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

50. သို့​သော် ကိုယ်​တော်​သည် ထို​အ​မျိုး​သ​မီး​အား “သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်​မူ​၏။