Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:42-44 Myanmar Standard Bible (MSB)

42. သူ​တို့​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် ကြွေး​ရှင်​သည် နှစ်​ဦး​စ​လုံး​တို့​၏​အ​ကြွေး​ကို လျှော်​ပစ်​လိုက်​လေ​၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ဦး​တွင် မည်​သူ​သည် ကြွေး​ရှင်​ကို ပို​၍​ချစ်​မည်​နည်း”​ဟု မေး​တော်​မူ​၏။

43. ရှိ​မုန်​က​လည်း “ပို​၍​များ​သော​အ​ကြွေး​ကို လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်​တော်​က “သင်​ယူ​ဆ​သည့်​အ​တိုင်း​မှန်​၏”​ဟု မိန့်​တော်​မူ​၏။

44. ထို့​နောက် အ​မျိုး​သ​မီး​ဘက်​သို့​လှည့်​တော်​မူ​၍ ရှိ​မုန်​အား “ဤ​အ​မျိုး​သ​မီး​ကို​မြင်​သ​လော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အ​တွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့​သော် သူ​သည် မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ်​ပေး​၏။