Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:41-50 Myanmar Standard Bible (MSB)

41. ယေ​ရှု​က​လည်း “ကြွေး​ရှင်​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ရာ၊ အ​ခြား​တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ဆယ်​အ​ကြွေး​တင်​၏။

42. သူ​တို့​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် ကြွေး​ရှင်​သည် နှစ်​ဦး​စ​လုံး​တို့​၏​အ​ကြွေး​ကို လျှော်​ပစ်​လိုက်​လေ​၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ဦး​တွင် မည်​သူ​သည် ကြွေး​ရှင်​ကို ပို​၍​ချစ်​မည်​နည်း”​ဟု မေး​တော်​မူ​၏။

43. ရှိ​မုန်​က​လည်း “ပို​၍​များ​သော​အ​ကြွေး​ကို လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်​တော်​က “သင်​ယူ​ဆ​သည့်​အ​တိုင်း​မှန်​၏”​ဟု မိန့်​တော်​မူ​၏။

44. ထို့​နောက် အ​မျိုး​သ​မီး​ဘက်​သို့​လှည့်​တော်​မူ​၍ ရှိ​မုန်​အား “ဤ​အ​မျိုး​သ​မီး​ကို​မြင်​သ​လော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အ​တွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့​သော် သူ​သည် မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ်​ပေး​၏။

45. သင်​သည် ငါ့​ကို​မ​နမ်း။ သို့​သော် သူ​သည် ဝင်​လာ​သည့်​အ​ချိန်​မှ​စ​၍ ငါ့​ခြေ​ကို​အ​ဆက်​မ​ပြတ်​နမ်း​လျက်​နေ​၏။

46. သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့​သော် သူ​သည် ငါ​၏​ခြေ​ကို ဆီ​မွှေး​ဖြင့်​လိမ်း​ပေး​၏။

47. ထို့​ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များ​ပြား​လှ​သော​အ​ပြစ်​တို့​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ။ အ​ကြောင်း​မူ​ကား သူ​သည် များ​စွာ​ချစ်​၏။ အ​နည်း​ငယ်​သာ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​သော​သူ​သည် အ​နည်း​ငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်​မူ​၏။

48. ထို့​နောက် ထို​အ​မျိုး​သ​မီး​အား “သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

49. ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အ​ပြစ်​ကို​ပင် ခွင့်​လွှတ်​သော​ဤ​သူ​ကား မည်​သူ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

50. သို့​သော် ကိုယ်​တော်​သည် ထို​အ​မျိုး​သ​မီး​အား “သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​လော့”​ဟု မိန့်​တော်​မူ​၏။