Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:40-43 Myanmar Standard Bible (MSB)

40. ထို​အ​ခါ ယေ​ရှု​က “ရှိ​မုန်၊ သင့်​ကို ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏”​ဟု မိန့်​တော်​မူ​ရာ သူ​က “ပြော​ပါ ဆ​ရာ”​ဟု ပြန်​လျှောက်​လေ​၏။

41. ယေ​ရှု​က​လည်း “ကြွေး​ရှင်​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ရာ၊ အ​ခြား​တစ်​ဦး​သည် ဒေ​နာ​ရိ​ငါး​ဆယ်​အ​ကြွေး​တင်​၏။

42. သူ​တို့​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် ကြွေး​ရှင်​သည် နှစ်​ဦး​စ​လုံး​တို့​၏​အ​ကြွေး​ကို လျှော်​ပစ်​လိုက်​လေ​၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ဦး​တွင် မည်​သူ​သည် ကြွေး​ရှင်​ကို ပို​၍​ချစ်​မည်​နည်း”​ဟု မေး​တော်​မူ​၏။

43. ရှိ​မုန်​က​လည်း “ပို​၍​များ​သော​အ​ကြွေး​ကို လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်​တော်​က “သင်​ယူ​ဆ​သည့်​အ​တိုင်း​မှန်​၏”​ဟု မိန့်​တော်​မူ​၏။