Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:36-39 Myanmar Standard Bible (MSB)

36. ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် ကိုယ်​တော်​သည် ထို​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

37. ထို​အ​ခါ ထို​မြို့​၌​နေ​သည့် အ​ပြစ်​များ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ဖာ​ရိ​ရှဲ​၏​အိမ်​တွင် ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ​ကြောင်း​သိ​သ​ဖြင့် ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို ယူ​ဆောင်​လာ​ပြီး​လျှင်

38. ကိုယ်​တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငို​ကြွေး​ရင်း မိ​မိ​၏​မျက်​ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိ​မိ​ဦး​ခေါင်း​မှ​ဆံ​ပင်​ဖြင့် သုတ်​လေ​၏။ ထို့​နောက် ကိုယ်​တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီ​မွှေး​ဖြင့်​လိမ်း​သပ်​လေ​၏။

39. ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သော​ဖာ​ရိ​ရှဲ​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ “ဤ​သူ​သည် ပ​ရော​ဖက်​ဖြစ်​သည်​ဆို​လျှင် သူ့​ကို​တို့​ထိ​နေ​သော​အ​မျိုး​သ​မီး​သည် မည်​သူ​ဖြစ်​ကြောင်း​နှင့် မည်​သို့​သော​အ​မျိုး​သ​မီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အ​ကြောင်း​မူ​ကား ဤ​အ​မျိုး​သ​မီး​သည် အ​ပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​လေ​၏။