Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:27-34 Myanmar Standard Bible (MSB)

27. ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

28. သင်​တို့​အား ငါ​ဆို​မည်။ မိန်း​မ​တို့​မှ​မွေး​ဖွား​လာ​သော​သူ​တို့​တွင် ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​သည် သူ့​ထက် ကြီး​မြတ်​၏။”

29. (အ​ခွန်​ကောက်​ခံ​သူ​များ​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ခဲ့​သ​ဖြင့် ဤ​စ​ကား​ကို​ကြား​နာ​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​ဖြောင့်​မတ်​ကြောင်း​ဝန်​ခံ​ကြ​၏။

30. သို့​သော် ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့​သည် ယော​ဟန်​ထံ​မှ ဗတ္တိ​ဇံ​ကို​မ​ခံ​ယူ​ခဲ့​သ​ဖြင့် မိ​မိ​တို့​အ​တွက် ဘု​ရား​သ​ခင်​ကြံ​စည်​ထား​တော်​မူ​သော​အ​ရာ​ကို ပစ်​ပယ်​ကြ​၏။)

31. “ထို့​ကြောင့် ဤ​ခေတ်​ကာ​လ​လူ​တို့​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည် မည်​သည့်​အ​ရာ​နှင့်​တူ​ကြ​သ​နည်း။

32. သူ​တို့​သည် ဈေး​အ​ရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အ​တွက် ပ​လွေ​မှုတ်​ပေး​သော်​လည်း သင်​တို့​သည်​မ​က​ကြ။ ငို​ချင်း​ကို​ဖွဲ့​နွဲ့​သီ​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​ကြွေး​ကြ’​ဟု တစ်​ဦး​ကို​တစ်​ဦး​လှမ်း​၍​ပြော​ဆို​နေ​ကြ​သော က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။

33. အ​ကြောင်း​မူ​ကား ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ရောက်​လာ​၍ အ​စာ​ကို​မ​စား၊ စ​ပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်​ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

34. လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း’​ဟု ဆို​ကြ​ပြန်​၏။