Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:24-37 Myanmar Standard Bible (MSB)

24. ယော​ဟန်​၏​စေ​တ​မန်​များ​ပြန်​သွား​ကြ​သော​အ​ခါ ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား ယော​ဟန်​နှင့်​ပတ်​သက်​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် တော​ကန္တာ​ရ​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူ​ပင်​ကို​လော။

25. သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​ကို​လော။ တင့်​တယ်​သော​အ​ဝတ်​များ​ဝတ်​ဆင်​လျက် သောက်​စား​ပျော်​ပါး​နေ​သော​သူ​တို့​သည် နန်း​တော်​များ​၌​ရှိ​ကြ​၏။

26. ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

27. ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

28. သင်​တို့​အား ငါ​ဆို​မည်။ မိန်း​မ​တို့​မှ​မွေး​ဖွား​လာ​သော​သူ​တို့​တွင် ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​သည် သူ့​ထက် ကြီး​မြတ်​၏။”

29. (အ​ခွန်​ကောက်​ခံ​သူ​များ​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ခဲ့​သ​ဖြင့် ဤ​စ​ကား​ကို​ကြား​နာ​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​ဖြောင့်​မတ်​ကြောင်း​ဝန်​ခံ​ကြ​၏။

30. သို့​သော် ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့​သည် ယော​ဟန်​ထံ​မှ ဗတ္တိ​ဇံ​ကို​မ​ခံ​ယူ​ခဲ့​သ​ဖြင့် မိ​မိ​တို့​အ​တွက် ဘု​ရား​သ​ခင်​ကြံ​စည်​ထား​တော်​မူ​သော​အ​ရာ​ကို ပစ်​ပယ်​ကြ​၏။)

31. “ထို့​ကြောင့် ဤ​ခေတ်​ကာ​လ​လူ​တို့​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည် မည်​သည့်​အ​ရာ​နှင့်​တူ​ကြ​သ​နည်း။

32. သူ​တို့​သည် ဈေး​အ​ရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အ​တွက် ပ​လွေ​မှုတ်​ပေး​သော်​လည်း သင်​တို့​သည်​မ​က​ကြ။ ငို​ချင်း​ကို​ဖွဲ့​နွဲ့​သီ​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​ကြွေး​ကြ’​ဟု တစ်​ဦး​ကို​တစ်​ဦး​လှမ်း​၍​ပြော​ဆို​နေ​ကြ​သော က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။

33. အ​ကြောင်း​မူ​ကား ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ရောက်​လာ​၍ အ​စာ​ကို​မ​စား၊ စ​ပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်​ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

34. လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း’​ဟု ဆို​ကြ​ပြန်​၏။

35. သို့​သော် ဉာဏ်​ပ​ညာ​တော်​သည်​ဖြောင့်​မတ်​ကြောင်း မိ​မိ​သား​သ​မီး​ရှိ​သ​မျှ​တို့​က ဖော်​ပြ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

36. ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် ကိုယ်​တော်​သည် ထို​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

37. ထို​အ​ခါ ထို​မြို့​၌​နေ​သည့် အ​ပြစ်​များ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ဖာ​ရိ​ရှဲ​၏​အိမ်​တွင် ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ​ကြောင်း​သိ​သ​ဖြင့် ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို ယူ​ဆောင်​လာ​ပြီး​လျှင်