Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:19-23 Myanmar Standard Bible (MSB)

19. သ​ခင်​ဘု​ရား​ထံ​သို့​စေ​လွှတ်​ကာ “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။

20. သူ​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော့်​ထံ​သို့​စေ​လွှတ်​၍ ‘ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော’​ဟု မေး​လျှောက်​စေ​ပါ​သည်”​ဟူ​၍ လျှောက်​ထား​ကြ​၏။

21. ထို​အ​ချိန်​တွင် ကိုယ်​တော်​သည် လူ​များ​စွာ​တို့​ကို ရော​ဂါ​ဝေ​ဒ​နာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်​ငြိမ်း​ချမ်း​သာ​စေ​၍ မျက်​မ​မြင်​တို့​ကို မျက်​စိ​မြင်​ရ​သော​အ​ခွင့်​ပေး​တော်​မူ​၏။

22. ကိုယ်​တော်​က​လည်း ယော​ဟန်​၏​တ​ပည့်​တို့​အား “သင်​တို့​မြင်​ရ၊ ကြား​ရ​သ​မျှ​တို့​ကို သွား​၍ ယော​ဟန်​အား ပြော​ပြ​ကြ​လော့။ မျက်​မ​မြင်​တို့​သည် မျက်​စိ​မြင်​ကြ​ရ​၏။ ခြေ​မ​သန်​စွမ်း​သူ​တို့​သည် လမ်း​လျှောက်​ကြ​ရ​၏။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နား​မ​ကြား​သော​သူ​တို့​သည် ကြား​ကြ​ရ​၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်း​ရဲ​သား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​ကို​ကြား​ကြ​ရ​၏။

23. ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။