Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:7-18 Myanmar Standard Bible (MSB)

7. ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​စ​ရာ​အ​ကြောင်း တွေ့​ရှိ​နိုင်​ရန်​အ​တွက် ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ငြိမ်း​စေ​မည်​မ​ငြိမ်း​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

8. ကိုယ်​တော်​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​သ​ဖြင့် လက်​သေ​သော​သူ​အား “ထ​၍ အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​သည်​ထ​၍ မတ်​တတ်​ရပ်​လေ​၏။

9. ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​အား “သင်​တို့​ကို ငါ​မေး​မည်။ တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် ဖျက်​ဆီး​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။

10. ထို့​နောက် ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​ပြီး လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

11. ထို​အ​ခါ သူ​တို့​သည် ဒေါ​သ​စိတ်​မွှန်​၍ ယေ​ရှု​အား မည်​သို့​ပြု​ရ​မည်​ကို အ​ချင်း​ချင်း​တိုင်​ပင်​ကြ​၏။

12. ထို​နေ့​ရက်​များ​၌ ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့​ကြွ​၍ ဘု​ရား​သ​ခင်​ထံ တစ်​ည​လုံး​ဆု​တောင်း​လျက်​နေ​တော်​မူ​၏။

13. မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​များ​ကို​ခေါ်​၍ ထို​သူ​တို့​အ​ထဲ​မှ တစ်​ဆယ့်​နှစ်​ပါး​တို့​ကို​ရွေး​ကောက်​ပြီး​လျှင် တ​မန်​တော်​ဟူ​၍ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၏။ ထို​သူ​တို့​မှာ

14. ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့်​ခေါ်​ထား​သော​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ၊ ယာ​ကုပ်​နှင့်​ယော​ဟန်၊ ဖိ​လိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊

15. မဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် မျိုး​ချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိ​မုန်၊

16. ယာ​ကုပ်​၏​သား​ယု​ဒ​နှင့် သစ္စာ​ဖောက်​သော​သူ​ဖြစ်​သွား​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​နှင့်​အ​တူ တောင်​ပေါ်​မှ​ကြွ​ဆင်း​လာ​၍ မြေ​ပြန့်​သည့်​အ​ရပ်​တွင် ရပ်​တော်​မူ​၏။ ထို​နေ​ရာ​၌ တ​ပည့်​တော်​တို့​၏​အ​စု​အ​ဝေး​ကြီး​မှ​စ​၍ ယု​ဒ​နယ်​အ​ရပ်​ရပ်​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​မှ​လည်း​ကောင်း လာ​ကြ​သော လူ​အ​မြောက်​အ​မြား​ရှိ​ကြ​၏။

18. သူ​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် ရောက်​လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်​ညူး​သော​နတ်​တို့​၏​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​များ​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။