Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:6-15 Myanmar Standard Bible (MSB)

6. အ​ခြား​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။ ထို​နေ​ရာ​၌ လက်​ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

7. ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​စ​ရာ​အ​ကြောင်း တွေ့​ရှိ​နိုင်​ရန်​အ​တွက် ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ငြိမ်း​စေ​မည်​မ​ငြိမ်း​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

8. ကိုယ်​တော်​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​သ​ဖြင့် လက်​သေ​သော​သူ​အား “ထ​၍ အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​သည်​ထ​၍ မတ်​တတ်​ရပ်​လေ​၏။

9. ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​အား “သင်​တို့​ကို ငါ​မေး​မည်။ တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် ဖျက်​ဆီး​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။

10. ထို့​နောက် ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​ပြီး လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

11. ထို​အ​ခါ သူ​တို့​သည် ဒေါ​သ​စိတ်​မွှန်​၍ ယေ​ရှု​အား မည်​သို့​ပြု​ရ​မည်​ကို အ​ချင်း​ချင်း​တိုင်​ပင်​ကြ​၏။

12. ထို​နေ့​ရက်​များ​၌ ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့​ကြွ​၍ ဘု​ရား​သ​ခင်​ထံ တစ်​ည​လုံး​ဆု​တောင်း​လျက်​နေ​တော်​မူ​၏။

13. မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​များ​ကို​ခေါ်​၍ ထို​သူ​တို့​အ​ထဲ​မှ တစ်​ဆယ့်​နှစ်​ပါး​တို့​ကို​ရွေး​ကောက်​ပြီး​လျှင် တ​မန်​တော်​ဟူ​၍ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၏။ ထို​သူ​တို့​မှာ

14. ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့်​ခေါ်​ထား​သော​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ၊ ယာ​ကုပ်​နှင့်​ယော​ဟန်၊ ဖိ​လိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊

15. မဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် မျိုး​ချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိ​မုန်၊