Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:41-49 Myanmar Standard Bible (MSB)

41. သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

42. သင်​သည် မိ​မိ​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို​မ​မြင်​ဘဲ ‘ညီ​အစ်​ကို၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု သင့်​ညီ​အစ်​ကို​အား မည်​သို့​ပြော​နိုင်​မည်​နည်း။ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

43. မ​ကောင်း​သော​အ​သီး​ကို​သီး​သော ကောင်း​သည့်​အ​ပင်​မ​ရှိ။ ကောင်း​သော​အ​သီး​ကို​သီး​သော မ​ကောင်း​သည့်​အ​ပင်​လည်း​မ​ရှိ။

44. အ​ပင်​တိုင်း​ကို ၎င်း​၏​အ​သီး​အား​ဖြင့် သိ​ရ​၏။ အ​ကြောင်း​မူ​ကား ဆူး​ပင်​မှ သ​ဖန်း​သီး​ကို​ဆွတ်​ခူး​၍​မ​ရ​နိုင်။ ချုံ​ပုတ်​မှ​လည်း စ​ပျစ်​သီး​ကို​မ​စု​သိမ်း​နိုင်။

45. ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​ကို မ​ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

46. သင်​တို့​သည် ငါ့​ကို ‘သ​ခင်၊ သ​ခင်’​ဟု ခေါ်​ကြ​ပြီး အ​ဘယ်​ကြောင့် ငါ​ပြော​သော​အ​ရာ​ကို​မ​ကျင့်​သုံး​ဘဲ​နေ​ကြ​သ​နည်း။

47. ငါ့​ထံ​သို့​လာ​ပြီး ငါ့​တ​ရား​စ​ကား​တို့​ကို​ကြား​၍ ကျင့်​သုံး​သော​သူ​တိုင်း​သည် မည်​သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြော​ပြ​မည်။

48. သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီး​လျှင် ကျောက်​ပေါ်​၌ အုတ်​မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်း​မိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်​ခတ်​သော်​လည်း ခိုင်​ခံ့​စွာ​တည်​ဆောက်​ထား​သော​ကြောင့် ထို​အိမ်​ကို​မ​လှုပ်​ရှား​စေ​နိုင်။

49. သို့​သော် ကြား​၍ မ​ကျင့်​သုံး​သော​သူ​မူ​ကား အုတ်​မြစ်​မ​ချ​ဘဲ မြေ​ပေါ်​၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်​ခတ်​သော​အ​ခါ ချက်​ချင်း​ပြို​လဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်​စီး​မှု​သည်​လည်း ကြီး​မား​လှ​ပေ​၏”​ဟု မိန့်​တော်​မူ​၏။