4. သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး အခြားမည်သူမျှစားခွင့်မရှိသော ရှေ့တော်မုန့်ကိုယူစားပြီးလျှင် သူနှင့်အတူရှိသောသူတို့ကိုလည်း ပေးခဲ့၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင်
5. “လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
6. အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေသောသူတစ်ဦးလည်းရှိ၏။
7. ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။
8. ကိုယ်တော်သည် သူတို့၏တွေးတောဆင်ခြင်မှုများကို သိတော်မူသဖြင့် လက်သေသောသူအား “ထ၍ အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူရာ သူသည်ထ၍ မတ်တတ်ရပ်လေ၏။
9. ထိုအခါ ယေရှုသည် ထိုသူတို့အား “သင်တို့ကို ငါမေးမည်။ တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်သလော သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော သို့မဟုတ် ဖျက်ဆီးအပ်သလော”ဟု မေးတော်မူ၏။
10. ထို့နောက် ထိုသူအပေါင်းတို့ကို ပတ်ပတ်လည်ကြည့်ရှုတော်မူပြီး လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်းဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
11. ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
12. ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
13. မိုးလင်းသောအခါ တပည့်တော်များကိုခေါ်၍ ထိုသူတို့အထဲမှ တစ်ဆယ့်နှစ်ပါးတို့ကိုရွေးကောက်ပြီးလျှင် တမန်တော်ဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထိုသူတို့မှာ
14. ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊
15. မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသောရှိမုန်၊