Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:30-45 Myanmar Standard Bible (MSB)

30. သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေး​ကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။

31. သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သည့်​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။

32. သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် မိ​မိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။

33. သင်​တို့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို​ပြု​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​၏။

34. ပြန်​လည်​ရ​ရှိ​မည်​ဟု​မျှော်​လင့်​လျက် သူ​တစ်​ပါး​အား​သင်​တို့​ချေး​ငှား​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ပြစ်​သား​တို့​ပင်​လျှင် မူ​လ​ပ​မာ​ဏ​အ​တိုင်း​ပြန်​လည်​ရ​ရှိ​ရန် သူ​တို့​အ​ချင်း​ချင်း​ချေး​ငှား​ကြ​၏။

35. သို့​သော် သင်​တို့​သည် သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ မည်​သည့်​အ​ရာ​မျှ ပြန်​လည်​ရ​ရှိ​ရန်​မ​မျှော်​လင့်​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​ရ​ရှိ​မည့်​ဆု​လာဘ်​သည်​ကြီး​မား​၍ သင်​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​အ​ရှင်​သည် ကျေး​ဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေး​ဇူး​ပြု​တော်​မူ​၏။

36. သင်​တို့​၏​အ​ဖ​သည် က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြ​လော့။

37. သူ​တစ်​ပါး​ကို​မ​စီ​ရင်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း စီ​ရင်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​အ​ပြစ်​ရှိ​သည်​ဟု​မ​သတ်​မှတ်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

38. ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို​လည်း ပေး​ကမ်း​လိမ့်​မည်။ အ​လျှံ​ပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်​လျှံ​အောင် သင်​တို့​အိတ်​ထဲ​သို့ ထည့်​ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

39. ထို့​နောက် သူ​တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု မြွက်​ဆို​တော်​မူ​သည်​မှာ “မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​စ​လုံး​တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

40. တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့​သော် ပြည့်​စုံ​စွာ​သင်​ယူ​တတ်​မြောက်​သော​သူ​တိုင်း​သည် မိ​မိ​ဆ​ရာ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

41. သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

42. သင်​သည် မိ​မိ​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို​မ​မြင်​ဘဲ ‘ညီ​အစ်​ကို၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု သင့်​ညီ​အစ်​ကို​အား မည်​သို့​ပြော​နိုင်​မည်​နည်း။ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

43. မ​ကောင်း​သော​အ​သီး​ကို​သီး​သော ကောင်း​သည့်​အ​ပင်​မ​ရှိ။ ကောင်း​သော​အ​သီး​ကို​သီး​သော မ​ကောင်း​သည့်​အ​ပင်​လည်း​မ​ရှိ။

44. အ​ပင်​တိုင်း​ကို ၎င်း​၏​အ​သီး​အား​ဖြင့် သိ​ရ​၏။ အ​ကြောင်း​မူ​ကား ဆူး​ပင်​မှ သ​ဖန်း​သီး​ကို​ဆွတ်​ခူး​၍​မ​ရ​နိုင်။ ချုံ​ပုတ်​မှ​လည်း စ​ပျစ်​သီး​ကို​မ​စု​သိမ်း​နိုင်။

45. ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​ကို မ​ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။