Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:3-11 Myanmar Standard Bible (MSB)

3. ယေ​ရှု​က​လည်း “ဒါ​ဝိဒ်​သည် သူ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

4. သူ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီး​လျှင် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင်

5. “လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

6. အ​ခြား​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။ ထို​နေ​ရာ​၌ လက်​ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

7. ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​စ​ရာ​အ​ကြောင်း တွေ့​ရှိ​နိုင်​ရန်​အ​တွက် ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ငြိမ်း​စေ​မည်​မ​ငြိမ်း​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

8. ကိုယ်​တော်​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​သ​ဖြင့် လက်​သေ​သော​သူ​အား “ထ​၍ အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​သည်​ထ​၍ မတ်​တတ်​ရပ်​လေ​၏။

9. ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​အား “သင်​တို့​ကို ငါ​မေး​မည်။ တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် ဖျက်​ဆီး​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။

10. ထို့​နောက် ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​ပြီး လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

11. ထို​အ​ခါ သူ​တို့​သည် ဒေါ​သ​စိတ်​မွှန်​၍ ယေ​ရှု​အား မည်​သို့​ပြု​ရ​မည်​ကို အ​ချင်း​ချင်း​တိုင်​ပင်​ကြ​၏။