Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:26-37 Myanmar Standard Bible (MSB)

26. လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ချီး​မွမ်း​ကြ​သော​အ​ခါ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​၏။

27. သို့​သော် ယ​ခု​နား​ထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အ​ပေါ် ကောင်း​စွာ​ပြု​ကြ​လော့။

28. သင်​တို့​ကို​ကျိန်​ဆဲ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့​ရဲ့​ရှုတ်​ချ​သော​သူ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။

29. သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်​ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။

30. သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေး​ကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။

31. သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သည့်​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။

32. သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် မိ​မိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။

33. သင်​တို့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို​ပြု​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​၏။

34. ပြန်​လည်​ရ​ရှိ​မည်​ဟု​မျှော်​လင့်​လျက် သူ​တစ်​ပါး​အား​သင်​တို့​ချေး​ငှား​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ပြစ်​သား​တို့​ပင်​လျှင် မူ​လ​ပ​မာ​ဏ​အ​တိုင်း​ပြန်​လည်​ရ​ရှိ​ရန် သူ​တို့​အ​ချင်း​ချင်း​ချေး​ငှား​ကြ​၏။

35. သို့​သော် သင်​တို့​သည် သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ မည်​သည့်​အ​ရာ​မျှ ပြန်​လည်​ရ​ရှိ​ရန်​မ​မျှော်​လင့်​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​ရ​ရှိ​မည့်​ဆု​လာဘ်​သည်​ကြီး​မား​၍ သင်​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​အ​ရှင်​သည် ကျေး​ဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေး​ဇူး​ပြု​တော်​မူ​၏။

36. သင်​တို့​၏​အ​ဖ​သည် က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြ​လော့။

37. သူ​တစ်​ပါး​ကို​မ​စီ​ရင်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း စီ​ရင်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​အ​ပြစ်​ရှိ​သည်​ဟု​မ​သတ်​မှတ်​ကြ​နှင့်။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​ခြင်း​ကို လုံး​ဝ​ခံ​ရ​မည်​မ​ဟုတ်။ သူ​တစ်​ပါး​ကို​ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​လည်း ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။