Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:21-27 Myanmar Standard Bible (MSB)

21. ယ​ခု​ဆာ​လောင်​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝ​ပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု​ငို​ကြွေး​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ရယ်​မော​ကြ​လိမ့်​မည်။

22. လူ့​သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်း​တီး​သော​အ​ခါ​၌​လည်း​ကောင်း၊ သင်​တို့​ကို​ဝိုင်း​ပယ်​၍ ကဲ့​ရဲ့​ပြစ်​တင်​ကာ သင်​တို့​၏​နာ​မည်​ကို​ဖျက်​သော​အ​ခါ​၌​လည်း​ကောင်း သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

23. ထို​နေ့​ရက်​၌ ဝမ်း​မြောက်​လျက် က​ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​လည်း ပ​ရော​ဖက်​များ​ကို ထို​နည်း​တူ​ပြု​ကြ​၏။

24. သို့​သော် ချမ်း​သာ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မိ​မိ​တို့​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​ကြ​ပြီ​ဖြစ်​၏။

25. ယ​ခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဆာ​လောင်​ကြ​လိမ့်​မည်။ ယ​ခု ရယ်​မော​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

26. လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ချီး​မွမ်း​ကြ​သော​အ​ခါ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​၏။

27. သို့​သော် ယ​ခု​နား​ထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အ​ပေါ် ကောင်း​စွာ​ပြု​ကြ​လော့။