Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:2-7 Myanmar Standard Bible (MSB)

2. ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “သင်​တို့​သည် ဥ​ပုသ်​နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အ​ရာ​ကို အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း”​ဟု ဆို​ကြ​၏။

3. ယေ​ရှု​က​လည်း “ဒါ​ဝိဒ်​သည် သူ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

4. သူ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီး​လျှင် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင်

5. “လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

6. အ​ခြား​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။ ထို​နေ​ရာ​၌ လက်​ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

7. ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​စ​ရာ​အ​ကြောင်း တွေ့​ရှိ​နိုင်​ရန်​အ​တွက် ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ငြိမ်း​စေ​မည်​မ​ငြိမ်း​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။