Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:19-31 Myanmar Standard Bible (MSB)

19. ကိုယ်​တော်​ထံ​မှ​တန်​ခိုး​တော်​ထွက်​၍ လူ​အ​ပေါင်း​တို့​ကို​ကျန်း​မာ​စေ​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​အား​လုံး​သည် ကိုယ်​တော်​ကို​တို့​ထိ​နိုင်​ရန် ကြိုး​စား​ကြ​၏။

20. ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ဘက်​သို့​မျက်​နှာ​မူ​လျက် မြွက်​ဆို​တော်​မူ​သည်​မှာ “ဆင်း​ရဲ​နွမ်း​ပါး​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​နိုင်​ငံ​ဖြစ်​၏။

21. ယ​ခု​ဆာ​လောင်​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝ​ပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု​ငို​ကြွေး​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ရယ်​မော​ကြ​လိမ့်​မည်။

22. လူ့​သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်း​တီး​သော​အ​ခါ​၌​လည်း​ကောင်း၊ သင်​တို့​ကို​ဝိုင်း​ပယ်​၍ ကဲ့​ရဲ့​ပြစ်​တင်​ကာ သင်​တို့​၏​နာ​မည်​ကို​ဖျက်​သော​အ​ခါ​၌​လည်း​ကောင်း သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

23. ထို​နေ့​ရက်​၌ ဝမ်း​မြောက်​လျက် က​ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​လည်း ပ​ရော​ဖက်​များ​ကို ထို​နည်း​တူ​ပြု​ကြ​၏။

24. သို့​သော် ချမ်း​သာ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မိ​မိ​တို့​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​ကြ​ပြီ​ဖြစ်​၏။

25. ယ​ခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဆာ​လောင်​ကြ​လိမ့်​မည်။ ယ​ခု ရယ်​မော​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

26. လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ချီး​မွမ်း​ကြ​သော​အ​ခါ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​၏။

27. သို့​သော် ယ​ခု​နား​ထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အ​ပေါ် ကောင်း​စွာ​ပြု​ကြ​လော့။

28. သင်​တို့​ကို​ကျိန်​ဆဲ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့​ရဲ့​ရှုတ်​ချ​သော​သူ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။

29. သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်​ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။

30. သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေး​ကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။

31. သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သည့်​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။