Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:15-25 Myanmar Standard Bible (MSB)

15. မဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် မျိုး​ချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိ​မုန်၊

16. ယာ​ကုပ်​၏​သား​ယု​ဒ​နှင့် သစ္စာ​ဖောက်​သော​သူ​ဖြစ်​သွား​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​နှင့်​အ​တူ တောင်​ပေါ်​မှ​ကြွ​ဆင်း​လာ​၍ မြေ​ပြန့်​သည့်​အ​ရပ်​တွင် ရပ်​တော်​မူ​၏။ ထို​နေ​ရာ​၌ တ​ပည့်​တော်​တို့​၏​အ​စု​အ​ဝေး​ကြီး​မှ​စ​၍ ယု​ဒ​နယ်​အ​ရပ်​ရပ်​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​မှ​လည်း​ကောင်း လာ​ကြ​သော လူ​အ​မြောက်​အ​မြား​ရှိ​ကြ​၏။

18. သူ​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် ရောက်​လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်​ညူး​သော​နတ်​တို့​၏​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​များ​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

19. ကိုယ်​တော်​ထံ​မှ​တန်​ခိုး​တော်​ထွက်​၍ လူ​အ​ပေါင်း​တို့​ကို​ကျန်း​မာ​စေ​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​အား​လုံး​သည် ကိုယ်​တော်​ကို​တို့​ထိ​နိုင်​ရန် ကြိုး​စား​ကြ​၏။

20. ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ဘက်​သို့​မျက်​နှာ​မူ​လျက် မြွက်​ဆို​တော်​မူ​သည်​မှာ “ဆင်း​ရဲ​နွမ်း​ပါး​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​နိုင်​ငံ​ဖြစ်​၏။

21. ယ​ခု​ဆာ​လောင်​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝ​ပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု​ငို​ကြွေး​နေ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ရယ်​မော​ကြ​လိမ့်​မည်။

22. လူ့​သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်း​တီး​သော​အ​ခါ​၌​လည်း​ကောင်း၊ သင်​တို့​ကို​ဝိုင်း​ပယ်​၍ ကဲ့​ရဲ့​ပြစ်​တင်​ကာ သင်​တို့​၏​နာ​မည်​ကို​ဖျက်​သော​အ​ခါ​၌​လည်း​ကောင်း သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

23. ထို​နေ့​ရက်​၌ ဝမ်း​မြောက်​လျက် က​ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​လည်း ပ​ရော​ဖက်​များ​ကို ထို​နည်း​တူ​ပြု​ကြ​၏။

24. သို့​သော် ချမ်း​သာ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မိ​မိ​တို့​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​ကြ​ပြီ​ဖြစ်​၏။

25. ယ​ခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဆာ​လောင်​ကြ​လိမ့်​မည်။ ယ​ခု ရယ်​မော​သော​သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။