Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:9-22 Myanmar Standard Bible (MSB)

9. ဤ​သို့​လျှောက်​သည်​မှာ ဖမ်း​မိ​သော​ငါး​များ​ပြား​သ​ဖြင့် ရှိ​မုန်​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​အား​လုံး​သည် အံ့​အား​သင့်​ကြ​သော​ကြောင့်​ဖြစ်​၏။

10. ရှိ​မုန်​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည်​လည်း အံ့​အား​သင့်​ကြ​၏။ ယေ​ရှု​က​လည်း “မ​ကြောက်​နှင့်။ သင်​သည် ယ​ခု​မှ​စ​၍ လူ​ကို​ဖမ်း​လိမ့်​မည်”​ဟု ရှိ​မုန်​အား မိန့်​တော်​မူ​၏။

11. ထို​အ​ခါ သူ​တို့​သည် လှေ​ကို ကုန်း​ပေါ်​တင်​ပြီး​လျှင် ရှိ​သ​မျှ​ကို​စွန့်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

12. ကိုယ်​တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်​မူ​စဉ် တစ်​ကိုယ်​လုံး​အ​နာ​ကြီး​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ဦး​သည် ယေ​ရှု​ကို​မြင်​လျှင် ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်း​ပန်​လေ​၏။

13. ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​၏​အ​နာ​ကြီး​ရော​ဂါ​သည် ပျောက်​ကင်း​သွား​လေ​၏။

14. ထို​အ​ခါ ကိုယ်​တော်​သည် မည်​သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်​မှာ​လျက် “ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌ သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ထား​သည့်​အ​တိုင်း သင်​၏​စင်​ကြယ်​ခြင်း​ဝတ်​အ​တွက် ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု မိန့်​တော်​မူ​၏။

15. သို့​ရာ​တွင် ကိုယ်​တော်​၏​သ​တင်း​သည် ပို​၍​ပျံ့​နှံ့​သွား​သ​ဖြင့် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် စု​ဝေး​လာ​ကြ​၏။

16. သို့​သော် ကိုယ်​တော်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့​သွား​၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ​၏။

17. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​နယ်​နှင့် ယု​ဒ​နယ်​ရှိ ကျေး​ရွာ​အ​ပေါင်း​တို့​မှ​လည်း​ကောင်း၊ ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း ရောက်​လာ​ကြ​သော ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။

18. ထို​အ​ခါ လူ​တို့​သည် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်​ရာ​နှင့်​တ​ကွ​သယ်​ဆောင်​လာ​ပြီး သူ့​ကို​အ​ထဲ​သို့​သွင်း​၍ ကိုယ်​တော်​ရှေ့​၌​ချ​ထား​ရန် ကြိုး​စား​ကြ​၏။

19. သို့​ရာ​တွင် လူ​အ​စု​အ​ဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သ​ဖြင့် လေ​သာ​ဆောင်​အ​ပေါ်​သို့​တက်​ကာ အုတ်​ကြွပ်​ကို​ခွာ​၍ လူ​နာ​ကို ပ​ရိ​သတ်​အ​လယ် ယေ​ရှု​၏​ရှေ့​တော်​သို့ အိပ်​ရာ​နှင့်​တ​ကွ​လျှော​ချ​ကြ​၏။

20. ကိုယ်​တော်​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် “အ​ချင်း​လူ၊ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သော​ဤ​သူ​ကား မည်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု တွေး​တော​ဆင်​ခြင်​ကြ​၏။

22. ယေ​ရှု​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။