Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:33-39 Myanmar Standard Bible (MSB)

33. လူ​အ​ချို့​တို့​က “ယော​ဟန်​၏​တ​ပည့်​များ​သည် မ​ကြာ​ခ​ဏ အ​စာ​ရှောင်​၍ ဆု​တောင်း​ခြင်း​အ​မှု​ကို​ပြု​ကြ​သည်။ ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည်​လည်း ထို​နည်း​တူ​ပြု​ကြ​သည်။ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​မူ​ကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား”​ဟု လျှောက်​ကြ​၏။

34. ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် သူ​တို့​ကို အ​စာ​ရှောင်​စေ​နိုင်​မည်​လော။

35. သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့်​နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​များ​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

36. ထို့​နောက် သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ “မည်​သူ​မျှ အ​ဝတ်​အ​သစ်​မှ​ပိတ်​စ​ကို​ဆုတ်​ဖြဲ​၍ အ​ဝတ်​အ​ဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် အ​ဝတ်​အ​သစ်​ကို ဆုတ်​ဖြဲ​ရ​သည်​သာ​မ​က ဖာ​ထား​သော​ပိတ်​စ​အ​သစ်​သည်​လည်း အ​ဝတ်​အ​ဟောင်း​နှင့် လိုက်​ဖက်​မည်​မ​ဟုတ်။

37. စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း မည်​သူ​မျှ သား​ရေ​ဘူး​အ​ဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် စ​ပျစ်​ဝိုင်​အ​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ဝိုင်​ယို​ထွက်​ကာ သား​ရေ​ဘူး​လည်း ပျက်​စီး​သွား​လိမ့်​မည်။

38. စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ရ​၏။

39. စ​ပျစ်​ဝိုင်​အ​ဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စ​ပျစ်​ဝိုင်​အ​ဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စ​ပျစ်​ဝိုင်​အ​သစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်”​ဟု မိန့်​တော်​မူ​၏။