Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:27-32 Myanmar Standard Bible (MSB)

27. ထို့​နောက် ကိုယ်​တော်​သည် ထွက်​ခွာ​သွား​၍ အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် လေ​ဝိ​အ​မည်​ရှိ အ​ခွန်​ကောက်​ခံ​သူ​တစ်​ဦး​ကို​မြင်​သ​ဖြင့် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော်

28. သူ​သည် ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

29. လေ​ဝိ​သည် မိ​မိ​၏​အိမ်​၌ ကိုယ်​တော်​အ​တွက် ဧည့်​ခံ​ပွဲ​ကြီး​ကို​ကျင်း​ပ​လေ​ရာ အ​ခွန်​ကောက်​ခံ​သူ​အ​စု​အ​ဝေး​နှင့်​အ​ခြား​သော​သူ​များ​စွာ​တို့​သည် သူ​တို့​နှင့်​အ​တူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။

30. ထို​အ​ခါ ဖာ​ရိ​ရှဲ​များ​နှင့် သူ​တို့​ထဲ​မှ​ကျမ်း​ပြု​ဆ​ရာ​တို့​က “သင်​တို့​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​ကြ​သ​နည်း”​ဟု တ​ပည့်​တော်​တို့​အား မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

31. ယေ​ရှု​က​လည်း “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။

32. ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို နောင်​တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။