Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:22-29 Myanmar Standard Bible (MSB)

22. ယေ​ရှု​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

23. ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

24. သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​တွင် အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု သူ​တို့​အား မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်​ချင်း​ထ​၍ မိ​မိ​လဲ​လျောင်း​ခဲ့​သော​အိပ်​ရာ​ကို ဆောင်​ယူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

26. လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ယ​နေ့ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အ​လွန်​ထိတ်​လန့်​အံ့​ဩ​သော​စိတ်​ဖြင့်​ပြော​ဆို​ကြ​၏။

27. ထို့​နောက် ကိုယ်​တော်​သည် ထွက်​ခွာ​သွား​၍ အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် လေ​ဝိ​အ​မည်​ရှိ အ​ခွန်​ကောက်​ခံ​သူ​တစ်​ဦး​ကို​မြင်​သ​ဖြင့် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော်

28. သူ​သည် ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

29. လေ​ဝိ​သည် မိ​မိ​၏​အိမ်​၌ ကိုယ်​တော်​အ​တွက် ဧည့်​ခံ​ပွဲ​ကြီး​ကို​ကျင်း​ပ​လေ​ရာ အ​ခွန်​ကောက်​ခံ​သူ​အ​စု​အ​ဝေး​နှင့်​အ​ခြား​သော​သူ​များ​စွာ​တို့​သည် သူ​တို့​နှင့်​အ​တူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။