Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:7-12 Myanmar Standard Bible (MSB)

7. သို့​ဖြစ်​၍ သင်​သည် ငါ့​ကို​ရှိ​ခိုး​လျှင် ဤ​အ​ရာ​အား​လုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

8. ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှိ​ခိုး​၍ ထို​အ​ရှင်​တစ်​ပါး​တည်း​ကို​သာ ဝတ်​ပြု​ရ​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​၍ ဗိ​မာန်​တော်​ထိပ်​ဖျား​၌​ရပ်​စေ​ပြီး​လျှင် “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် ဤ​နေ​ရာ​မှ အောက်​သို့​ခုန်​ချ​ပါ။

10. အ​ကြောင်း​မှာ ‘ဘု​ရား​သ​ခင်​သည် သင့်​ကို​စောင့်​ရှောက်​ရန် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို သင့်​အ​ဖို့​မိန့်​မှာ​တော်​မူ​မည်​ဖြစ်​၍

11. သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေ​ရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီ​ပင့်​ကြ​လိမ့်​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

12. ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​ကဲ​မ​စမ်း​ရ’​ဟူ​၍ မိန့်​တော်​မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။