Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:6-16 Myanmar Standard Bible (MSB)

6. “ဤ​အ​ခွင့်​အာ​ဏာ​ရှိ​သ​မျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်း​စိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​ကို ငါ့​ထံ အပ်​နှင်း​ထား​ပြီး​ဖြစ်​၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။

7. သို့​ဖြစ်​၍ သင်​သည် ငါ့​ကို​ရှိ​ခိုး​လျှင် ဤ​အ​ရာ​အား​လုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

8. ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှိ​ခိုး​၍ ထို​အ​ရှင်​တစ်​ပါး​တည်း​ကို​သာ ဝတ်​ပြု​ရ​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​၍ ဗိ​မာန်​တော်​ထိပ်​ဖျား​၌​ရပ်​စေ​ပြီး​လျှင် “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် ဤ​နေ​ရာ​မှ အောက်​သို့​ခုန်​ချ​ပါ။

10. အ​ကြောင်း​မှာ ‘ဘု​ရား​သ​ခင်​သည် သင့်​ကို​စောင့်​ရှောက်​ရန် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို သင့်​အ​ဖို့​မိန့်​မှာ​တော်​မူ​မည်​ဖြစ်​၍

11. သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေ​ရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီ​ပင့်​ကြ​လိမ့်​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

12. ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​ကဲ​မ​စမ်း​ရ’​ဟူ​၍ မိန့်​တော်​မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

13. မာရ်​နတ်​သည် ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​အား​လုံး​တို့​ကို​ပြု​ပြီး​နောက် အ​ခါ​အ​ခွင့်​ရောက်​သည်​အ​ထိ ကိုယ်​တော်​ထံ​မှ ဆုတ်​ခွာ​သွား​လေ​၏။

14. ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့်​ပြည့်​ဝ​လျက် ဂါ​လိ​လဲ​နယ်​သို့​ပြန်​လာ​သော​အ​ခါ ကိုယ်​တော်​နှင့်​ပတ်​သက်​သော​သ​တင်း​သည် ထို​ဒေ​သ​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

15. ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် သွန်​သင်​တော်​မူ​ရာ လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

16. ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​ကြီး​ပြင်း​ရာ​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ ဥ​ပုသ်​နေ့​တွင် မိ​မိ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်း​စာ​ကို​ဖတ်​ကြား​ရန် ထ​တော်​မူ​လျှင်