Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:30-42 Myanmar Standard Bible (MSB)

30. သို့​ရာ​တွင် ကိုယ်​တော်​သည် သူ​တို့​အ​လယ်​မှ​ဖြတ်​လျှောက်​၍ ကြွ​သွား​တော်​မူ​၏။

31. ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်၊ က​ပေ​ရ​နောင်​မြို့​သို့​ဆင်း​သွား​၍ ဥ​ပုသ်​နေ့​၌ လူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

32. ကိုယ်​တော်​၏​စ​ကား​တော်​သည် အ​ခွင့်​အာ​ဏာ​ရှိ​သော​ကြောင့် လူ​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​၏။

33. ထို​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် နတ်​ဆိုး​တည်း​ဟူ​သော​ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်

34. “အို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​လေ​၏။

35. ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ နတ်​ဆိုး​သည် ထို​သူ​ကို လူ​များ​အ​လယ်​တွင်​လှဲ​ချ​၍ အ​နာ​တ​ရ​မ​ဖြစ်​စေ​ဘဲ သူ့​ထံ​မှ ထွက်​သွား​လေ​၏။

36. လူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက် “ဤ​စ​ကား​သည် မည်​သို့​သော​စ​ကား​နည်း။ ညစ်​ညူး​သော​နတ်​များ​ကို အ​ခွင့်​အာ​ဏာ​နှင့် တန်​ခိုး​တို့​ဖြင့် အ​မိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

37. ထို​အ​ခါ ကိုယ်​တော်​၏​သ​တင်း​သည် ပတ်​ဝန်း​ကျင်​ရှိ ဒေ​သ​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

38. ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ​ထွက်​ခွာ​ပြီး​လျှင် ရှိ​မုန်​၏​အိမ်​သို့​ကြွ​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​သည် ပြင်း​ထန်​စွာ​ဖျား​နာ​လျက် ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သ​ဖြင့် လူ​တို့​သည် သူ့​အ​တွက် ကိုယ်​တော်​ကို​တောင်း​လျှောက်​ကြ​၏။

39. ကိုယ်​တော်​သည်​လည်း ထို​အ​မျိုး​သ​မီး​၏​အ​နီး​၌​ရပ်​လျက် အ​ဖျား​အ​နာ​ကို​ဆုံး​မ​တော်​မူ​လျှင် သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ​၍ သူ​တို့​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

40. နေ​ဝင်​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​သီး​တို့​အ​ပေါ်​သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​၏။

41. နတ်​ဆိုး​တို့​က​လည်း “ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​တော်​မူ​၏”​ဟု အော်​ဟစ်​လျက် လူ​များ​စွာ​တို့​ထံ​မှ ထွက်​သွား​ကြ​၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ထို​နတ်​ဆိုး​တို့​သိ​ထား​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည် သူ​တို့​ကို​ဆုံး​မ​၍ သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ​ချေ။

42. မိုး​လင်း​သော​အ​ခါ ကိုယ်​တော်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ ထွက်​ခွာ​သွား​တော်​မူ​၏။ သို့​ရာ​တွင် လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ကြိုး​စား​ရှာ​ဖွေ​ကြ​ပြီး​လျှင် အ​ထံ​တော်​သို့​လာ​၍ မိ​မိ​တို့​ထံ​မှ ထွက်​ခွာ​မ​သွား​ရန် ကိုယ်​တော်​ကို​တား​ဆီး​ကြ​၏။