Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:7-14 Myanmar Standard Bible (MSB)

7. ယော​ဟန်​သည် သူ့​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရန်​ရောက်​လာ​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​အား “မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လာ​မည့်​အ​မျက်​တော်​မှ ထွက်​ပြေး​ရန် သင်​တို့​ကို​မည်​သူ​သ​တိ​ပေး​ခဲ့​သ​နည်း။

8. သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက် သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ​ပေါ်​ထွန်း​စေ​နိုင်​သည်။

9. ပု​ဆိန်​ကို​လည်း သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

10. လူ​ထု​ပ​ရိ​သတ်​တို့​က​လည်း “သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

11. ယော​ဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေ​မျှ​ပေး​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။

12. အ​ခွန်​ကောက်​ခံ​သူ​တို့​သည်​လည်း ဗတ္တိ​ဇံ​ခံ​ရန်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

13. ယော​ဟန်​က “သင်​တို့​ကို​ညွှန်​ကြား​ထား​သည်​ထက် ပို​၍​မ​ကောက်​ခံ​ကြ​နှင့်”​ဟု ပြန်​ပြော​လေ​၏။

14. စစ်​မှု​ထမ်း​များ​သည်​လည်း “အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင် ယော​ဟန်​က “သူ​တစ်​ပါး​ထံ​မှ ငွေ​ညှစ်​ယူ​ခြင်း၊ မ​တ​ရား​တောင်း​ခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိ​မိ​တို့​ရ​သော​လ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့”​ဟု ပြန်​ပြော​လေ​၏။