7. ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။
8. သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
9. ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
10. လူထုပရိသတ်တို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
11. ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
12. အခွန်ကောက်ခံသူတို့သည်လည်း ဗတ္တိဇံခံရန်လာ၍ “ဆရာ၊ အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
13. ယောဟန်က “သင်တို့ကိုညွှန်ကြားထားသည်ထက် ပို၍မကောက်ခံကြနှင့်”ဟု ပြန်ပြောလေ၏။