19. သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
20. ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထားခြင်းအားဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ဤမကောင်းမှုကိုလည်း ထပ်ဆင့်၍ပြုလေ၏။
21. လူအပေါင်းတို့သည် ဗတ္တိဇံခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံခံတော်မူပြီး ဆုတောင်းလျက်နေစဉ် ကောင်းကင်သည်ပွင့်၍
22. သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
23. ယေရှုသည် အမှုတော်စတင်ဆောင်ရွက်သောအခါ သက်တော်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့၏ထင်မြင်ချက်အရ ကိုယ်တော်သည် ယောသပ်၏သားဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
24. ဧလိသည် မသ္သတ်၏သား၊ မသ္သတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ယန္န၏သား၊ ယန္နသည် ယောသပ်၏သား၊
25. ယောသပ်သည် မတ္တသိ၏သား၊ မတ္တသိသည် အာမုတ်၏သား၊ အာမုတ်သည် နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည် နဂ္ဂဲ၏သား၊
26. နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် ရှေမိ၏သား၊ ရှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား၊
27. ယုဒသည် ယောဟန္န၏သား၊ ယောဟန္နသည် ရေသ၏သား၊ ရေသသည် ဇေရုဗဗေလ၏သား၊ ဇေရုဗဗေလသည် ရှာလသေလ၏သား၊ ရှာလသေလသည် နေရိ၏သား၊
28. နေရိသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒိ၏သား၊ အဒ္ဒိသည် ကောသံ၏သား၊ ကောသံသည် ဧလမောဒံ၏သား၊ ဧလမောဒံသည် ဧရ၏သား၊
29. ဧရသည် ယောသေ၏သား၊ ယောသေသည် ဧလျေဇာ၏သား၊ ဧလျေဇာသည် ယောရိမ်၏သား၊ ယောရိမ်သည် မသ္သတ်၏သား၊ မသ္သတ်သည် လေဝိ၏သား၊
30. လေဝိသည် ရှိမောင်၏သား၊ ရှိမောင်သည် ယုဒ၏သား၊ ယုဒသည် ယောသပ်၏သား၊ ယောသပ်သည် ယောနန်၏သား၊ ယောနန်သည် ဧလျာကိမ်၏သား၊
31. ဧလျာကိမ်သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊
32. ဒါဝိဒ်သည် ယေရှဲ၏သား၊ ယေရှဲသည် ဩဗက်၏သား၊ ဩဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သား၊
33. နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊