Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:19-27 Myanmar Standard Bible (MSB)

19. သို့​ရာ​တွင် နယ်​စား​ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို​၏​ဇ​နီး ဟေ​ရော​ဒိ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ မိ​မိ​ကျူး​လွန်​ခဲ့​သော မ​ကောင်း​မှု​အ​လုံး​စုံ​တို့​နှင့်​ပတ်​သက်​၍​လည်း​ကောင်း ယော​ဟန်​၏​ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ

20. ယော​ဟန်​ကို ထောင်​ထဲ​၌​ပိတ်​လှောင်​ထား​ခြင်း​အား​ဖြင့် သူ​၏​မ​ကောင်း​မှု​အ​လုံး​စုံ​တို့​အ​ပေါ် ဤ​မ​ကောင်း​မှု​ကို​လည်း ထပ်​ဆင့်​၍​ပြု​လေ​၏။

21. လူ​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ​ခံ​ကြ​သော​အ​ခါ ယေ​ရှု​သည်​လည်း ဗတ္တိ​ဇံ​ခံ​တော်​မူ​ပြီး ဆု​တောင်း​လျက်​နေ​စဉ် ကောင်း​ကင်​သည်​ပွင့်​၍

22. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့​သော​အ​ဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်​တော်​အ​ပေါ်​သို့ ဆင်း​သက်​တော်​မူ​၏။ ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

23. ယေ​ရှု​သည် အ​မှု​တော်​စ​တင်​ဆောင်​ရွက်​သော​အ​ခါ သက်​တော်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​၏​ထင်​မြင်​ချက်​အ​ရ ကိုယ်​တော်​သည် ယော​သပ်​၏​သား​ဖြစ်​၏။ ယော​သပ်​သည် ဧ​လိ​၏​သား၊

24. ဧ​လိ​သည် မသ္သတ်​၏​သား၊ မသ္သတ်​သည် လေ​ဝိ​၏​သား၊ လေ​ဝိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည် ယန္န​၏​သား၊ ယန္န​သည် ယော​သပ်​၏​သား၊

25. ယော​သပ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် အာ​မုတ်​၏​သား၊ အာ​မုတ်​သည် နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည် နဂ္ဂဲ​၏​သား၊

26. နဂ္ဂဲ​သည် မာ​အတ်​၏​သား၊ မာ​အတ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် ရှေ​မိ​၏​သား၊ ရှေ​မိ​သည် ယော​သပ်​၏​သား၊ ယော​သပ်​သည် ယု​ဒ​၏​သား၊

27. ယု​ဒ​သည် ယော​ဟန္န​၏​သား၊ ယော​ဟန္န​သည် ရေ​သ​၏​သား၊ ရေ​သ​သည် ဇေ​ရု​ဗ​ဗေ​လ​၏​သား၊ ဇေ​ရု​ဗ​ဗေ​လ​သည် ရှာ​လ​သေ​လ​၏​သား၊ ရှာ​လ​သေ​လ​သည် နေ​ရိ​၏​သား၊