Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:11-19 Myanmar Standard Bible (MSB)

11. ယော​ဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေ​မျှ​ပေး​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။

12. အ​ခွန်​ကောက်​ခံ​သူ​တို့​သည်​လည်း ဗတ္တိ​ဇံ​ခံ​ရန်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

13. ယော​ဟန်​က “သင်​တို့​ကို​ညွှန်​ကြား​ထား​သည်​ထက် ပို​၍​မ​ကောက်​ခံ​ကြ​နှင့်”​ဟု ပြန်​ပြော​လေ​၏။

14. စစ်​မှု​ထမ်း​များ​သည်​လည်း “အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင် ယော​ဟန်​က “သူ​တစ်​ပါး​ထံ​မှ ငွေ​ညှစ်​ယူ​ခြင်း၊ မ​တ​ရား​တောင်း​ခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိ​မိ​တို့​ရ​သော​လ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့”​ဟု ပြန်​ပြော​လေ​၏။

15. လူ​တို့​သည် စောင့်​မျှော်​လျက်​နေ​ကြ​သ​ဖြင့် လူ​တိုင်း ယော​ဟန်​နှင့်​ပတ်​သက်​၍ “သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု မိ​မိ​တို့​စိတ်​ထဲ​၌​တွေး​တော​ဆင်​ခြင်​နေ​ကြ​၏။

16. ယော​ဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​သော် ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်​တန်။ ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်။

17. မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​လည်း အ​ကုန်​အ​စင်​ရှင်း​လင်း​ပြီး ဂျုံ​ဆန်​ကို မိ​မိ​၏​ကျီ​၌​စု​သိမ်း​ရန် လက်​တော်​၌ ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​၏။ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်​မူ​လိမ့်​မည်”​ဟု လူ​အ​ပေါင်း​တို့​အား​ပြန်​ပြော​လေ​၏။

18. ထို​သို့ ယော​ဟန်​သည် အ​ခြား​သော​အ​ကြောင်း​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် တိုက်​တွန်း​နှိုး​ဆော်​ကာ လူ​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လေ​၏။

19. သို့​ရာ​တွင် နယ်​စား​ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို​၏​ဇ​နီး ဟေ​ရော​ဒိ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ မိ​မိ​ကျူး​လွန်​ခဲ့​သော မ​ကောင်း​မှု​အ​လုံး​စုံ​တို့​နှင့်​ပတ်​သက်​၍​လည်း​ကောင်း ယော​ဟန်​၏​ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ