1. တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
2. အန္နတ်နှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းဖြစ်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်သည် တောကန္တာရ၌ ဇာခရိ၏သားယောဟန်ထံသို့ရောက်လာ၏။
3. ထိုအခါ ယောဟန်သည် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံးသို့သွား၍ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကိုဟောပြောလေ၏။