Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:1-14 Myanmar Standard Bible (MSB)

1. တိ​ဗေ​ရိ​ဆီ​ဇာ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိ​လတ်​သည် ယု​ဒ​နယ်​၏​ဘု​ရင်​ခံ၊ ဟေ​ရုဒ်​သည် ဂါ​လိ​လဲ​နယ်​၏​နယ်​စား၊ ဟေ​ရုဒ်​၏​အစ်​ကို​ဖိ​လိပ္ပု​သည် ဣ​တု​ရဲ​နယ်​နှင့်​တ​ရာ​ခေါ​နိတ်​နယ်​တို့​၏​နယ်​စား၊ လု​သာ​နိ​သည် အ​ဘိ​လင်​နယ်​၏​နယ်​စား၊

2. အန္နတ်​နှင့်​က​ယာ​ဖ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​စဉ် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် တော​ကန္တာ​ရ​၌ ဇာ​ခ​ရိ​၏​သား​ယော​ဟန်​ထံ​သို့​ရောက်​လာ​၏။

3. ထို​အ​ခါ ယော​ဟန်​သည် ဂျော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​တစ်​လျှောက်​လုံး​သို့​သွား​၍ အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို​ဟော​ပြော​လေ​၏။

4. ဤ​သည်​ကား “တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​အ​သံ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကြောင်း​များ​ကို ဖြောင့်​တန်း​စေ​ကြ​လော့။

5. ချိုင့်​ဝှမ်း​လျှို​မြောင်​ရှိ​သ​မျှ​တို့​ကို​ဖို့​၍ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​တန်း​စေ​၍ ကြမ်း​တမ်း​သော​လမ်း​များ​ကို ချော​မွေ့​စေ​ရ​မည်။

6. ထို​အ​ခါ လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

7. ယော​ဟန်​သည် သူ့​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရန်​ရောက်​လာ​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​အား “မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လာ​မည့်​အ​မျက်​တော်​မှ ထွက်​ပြေး​ရန် သင်​တို့​ကို​မည်​သူ​သ​တိ​ပေး​ခဲ့​သ​နည်း။

8. သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက် သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ​ပေါ်​ထွန်း​စေ​နိုင်​သည်။

9. ပု​ဆိန်​ကို​လည်း သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

10. လူ​ထု​ပ​ရိ​သတ်​တို့​က​လည်း “သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

11. ယော​ဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေ​မျှ​ပေး​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။

12. အ​ခွန်​ကောက်​ခံ​သူ​တို့​သည်​လည်း ဗတ္တိ​ဇံ​ခံ​ရန်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

13. ယော​ဟန်​က “သင်​တို့​ကို​ညွှန်​ကြား​ထား​သည်​ထက် ပို​၍​မ​ကောက်​ခံ​ကြ​နှင့်”​ဟု ပြန်​ပြော​လေ​၏။

14. စစ်​မှု​ထမ်း​များ​သည်​လည်း “အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင် ယော​ဟန်​က “သူ​တစ်​ပါး​ထံ​မှ ငွေ​ညှစ်​ယူ​ခြင်း၊ မ​တ​ရား​တောင်း​ခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိ​မိ​တို့​ရ​သော​လ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့”​ဟု ပြန်​ပြော​လေ​၏။